Sunday, August 6, 2017

ရည္းစားျဖစ္သူရဲ႕ စာတစ္ေစာင္ေၾကာင့္ ေပါင္ ၆၀ က်သြားတဲ့ အမ်ဳိးသမီး






ကၽြန္မတို႔အားလုံးက ကိုယ့္ရည္းစားရဲ႔ ဖုန္းမွာ မျမင္ေစခ်င္တဲ့ အေၾကာင္းေတြအမ်ားၾကီးရွိတာကုိ မၾကိဳက္တတ္ၾကပါဘူး။ ဒီလိုပဲ ကိုယ့္ခ်စ္သူက ကိုယ့္ေနာက္ကြယ္မွာ ကိုယ့္မေကာင္းေၾကာင္းေျပာေနတာကို ျပန္သိရရင္လည္း ဝမ္းနည္း ေဒါသထြက္ရတတ္တာက ဘယ္လုိ ခံစားခ်က္နဲ႔မွ မတူပါဘူး။

ေအမီဂ်ဳန္း(စ္)ဆိုတဲ့ အမ်ဳိးသမီးက ေပါင္ ၂၁၀ ရွိျပီး သူ႔ရည္းစားေကာင္ေလးက သူအရမ္းဝလာတာေတာင္မွ သူ႔ကို အျမဲအားေပးေနခဲ့တဲ့သူျဖစ္ပါတယ္။ သူကကၽြန္မကို “ကၽြန္မက အရမ္းၾကည့္ေကာင္းတယ္”လို႔ ေျပာတတ္ျပီး ကၽြန္မ ဝိတ္ခ်ရမလားလို႔ ေမးတဲ့အခါတိုင္း ကၽြန္မဝတဲ့ ပုံေလးကို သေဘာက်တယ္လို႔ “အျမဲေျပာတတ္ခဲ့တဲ့သူပါ။”လို႔ ေျပာျပခဲ့ပါတယ္။


အဲ့ဒီလုိ အျမဲေျပာေလ့ရွိတဲ့ ေအမီဂ်ဳန္းစ္ရဲ႕ ရည္းစားျဖစ္သူက သူ႔အေပါင္းအသင္းေတြဆီကုိ ပို႔ခဲ့တဲ့စာထဲမွာ အရႈပ္ထုတ္ၾကီး နဲ႔ စိတ္ပ်က္စရာၾကီးလုိ႔ သုံးႏႈန္းခဲ့တာကို ေတြ႔ခဲ့ရတဲ့အတြက္ အရမ္းကို ခံစားခဲ့ရျပီး ေပါင္ ၃ ပုံ ၁ ပုံေလာက္က်သြားဖုိ႔ ျဖစ္လာခဲ့ရပါတယ္။ ဒီ စာက သူ႔ကို လႈပ္ႏႈိုးလုိက္သလုိ ျဖစ္သြားျပီး သူ႔ရဲ႕ ရည္းစားကိုလည္း ခ်က္ခ်င္းပဲ ျဖတ္လုိက္ပါတယ္ ။အဓိကကေတာ့ သူ႔ရဲ႔ ပ်က္စီးေနတဲ့ပုံစံကုိ အလန္႔တၾကား သတိျပဳမိသြားလို႔ ျဖစ္ပါတယ္။ ေနာက္ျပီး သူ႔အေဖရဲ႕ မဂၤလာေဆာင္မွာ ရုိက္ထားတဲ့ပုံကိုေတြ႔လုိက္တဲ့အခ်ိန္မွာ ဒါကၽြန္မမဟုတ္ဘူး– ကၽြန္မျဖစ္ခ်င္တဲ့ ပုံစံမဟုတ္ဘူး လို႔ ေတြးလုိက္ပါတယ္။

ဒါေၾကာင့္ သူ႔ရဲ႔ ေနထုိင္စားေသာက္ပုံေတြကို လုံးဝ ေျပာင္းလဲလိုက္ျပီး ေလ့က်င့္ခန္းနဲ႔ အသီးအရြက္ေတြ ၊အုန္းသီးေျခာက္ေတြစားျပီး အျမန္ဆုံး ဝိ္တ္ခ်ဖို႔ ၾကိဳးစားခဲ့ပါတယ္။ အျပင္းအထန္ၾကိဳးစားမႈေၾကာင့္ ေပါင္ ၆၀ နီးပါးက်ခဲ့ပါတယ္။ “ကၽြန္မ သူ႔ကို စိတ္မဆုိးပါဘူး။ သူက အမွန္ကို ေျပာခဲ့တာပါပဲ။ ဒါေပမဲ့ ကၽြန္မအေပၚကို နည္းနည္းေလး ပိုျပီးရိုးသားခဲ့ရင္ေတာ့ ကၽြန္မ ဒီေလာက္ ပုံပ်က္ ပန္းပ်က္ျဖစ္လာမွာ မဟုတ္ဘူးလုိ႔ေတာ့ ထင္ပါတယ္”လုိ႔ ေအမီက ရင္ဖြင့္ခဲ့ပါတယ္။

Unicode

ရည်းစားဖြစ်သူရဲ့ စာတစ်စောင်ကြောင့် ပေါင် ၆၀ ကျသွားတဲ့ အမျိုးသမီး

ကျွန်မတို့အားလုံးက ကိုယ့်ရည်းစားရဲ့ ဖုန်းမှာ မမြင်စေချင်တဲ့ အကြောင်းတွေအများကြီးရှိတာကို မကြိုက်တတ်ကြပါဘူး။ ဒီလိုပဲ ကိုယ့်ချစ်သူက ကိုယ့်နောက်ကွယ်မှာ ကိုယ့်မကောင်းကြောင်းပြောနေတာကို ပြန်သိရရင်လည်း ဝမ်းနည်း ဒေါသထွက်ရတတ်တာက ဘယ်လို ခံစားချက်နဲ့မှ မတူပါဘူး။

အေမီဂျုန်း(စ်)ဆိုတဲ့ အမျိုးသမီးက ပေါင် ၂၁၀ ရှိပြီး သူ့ရည်းစားကောင်လေးက သူအရမ်းဝလာတာတောင်မှ သူ့ကို အမြဲအားပေးနေခဲ့တဲ့သူဖြစ်ပါတယ်။ သူကကျွန်မကို “ကျွန်မက အရမ်းကြည့်ကောင်းတယ်”လို့ ပြောတတ်ပြီး ကျွန်မ ဝိတ်ချရမလားလို့ မေးတဲ့အခါတိုင်း ကျွန်မဝတဲ့ ပုံလေးကို သဘောကျတယ်လို့ “အမြဲပြောတတ်ခဲ့တဲ့သူပါ။”လို့ ပြောပြခဲ့ပါတယ်။





အဲ့ဒီလို အမြဲပြောလေ့ရှိတဲ့ အေမီဂျုန်းစ်ရဲ့ ရည်းစားဖြစ်သူက သူ့အပေါင်းအသင်းတွေဆီကို ပို့ခဲ့တဲ့စာထဲမှာ အရှုပ်ထုတ်ကြီး နဲ့ စိတ်ပျက်စရာကြီးလို့ သုံးနှုန်းခဲ့တာကို တွေ့ခဲ့ရတဲ့အတွက် အရမ်းကို ခံစားခဲ့ရပြီး ပေါင် ၃ ပုံ ၁ ပုံလောက်ကျသွားဖို့ ဖြစ်လာခဲ့ရပါတယ်။ ဒီ စာက သူ့ကို လှုပ်နှိုးလိုက်သလို ဖြစ်သွားပြီး သူ့ရဲ့ ရည်းစားကိုလည်း ချက်ချင်းပဲ ဖြတ်လိုက်ပါတယ် ။အဓိကကတော့ သူ့ရဲ့ ပျက်စီးနေတဲ့ပုံစံကို အလန့်တကြား သတိပြုမိသွားလို့ ဖြစ်ပါတယ်။ နောက်ပြီး သူ့အဖေရဲ့ မင်္ဂလာဆောင်မှာ ရိုက်ထားတဲ့ပုံကိုတွေ့လိုက်တဲ့အချိန်မှာ ဒါကျွန်မမဟုတ်ဘူး– ကျွန်မဖြစ်ချင်တဲ့ ပုံစံမဟုတ်ဘူး လို့ တွေးလိုက်ပါတယ်။

ဒါကြောင့် သူ့ရဲ့ နေထိုင်စားသောက်ပုံတွေကို လုံးဝ ပြောင်းလဲလိုက်ပြီး လေ့ကျင့်ခန်းနဲ့ အသီးအရွက်တွေ ၊အုန်းသီးခြောက်တွေစားပြီး အမြန်ဆုံး ဝိတ်ချဖို့ ကြိုးစားခဲ့ပါတယ်။ အပြင်းအထန်ကြိုးစားမှုကြောင့် ပေါင် ၆၀ နီးပါးကျခဲ့ပါတယ်။ “ကျွန်မ သူ့ကို စိတ်မဆိုးပါဘူး။ သူက အမှန်ကို ပြောခဲ့တာပါပဲ။ ဒါပေမဲ့ ကျွန်မအပေါ်ကို နည်းနည်းလေး ပိုပြီးရိုးသားခဲ့ရင်တော့ ကျွန်မ ဒီလောက် ပုံပျက် ပန်းပျက်ဖြစ်လာမှာ မဟုတ်ဘူးလို့တော့ ထင်ပါတယ်”လို့ အေမီက ရင်ဖွင့်ခဲ့ပါတယ်။

No comments:

Post a Comment