Thursday, August 3, 2017

12MP Rear Camera ၂ လံုးပါမယ့္ Huawei Honor Note 9

Huawei က Honor 9 ရဲ႕ မ်ိဳးဆက္ျဖစ္တဲ့ Honor Note 9 စမတ္ဖုန္းကို ထုတ္လုပ္ေရာင္းခ်ဖို႔ ရွိေနပါတယ္။

Huawei Honor 8 နဲ႔ Honor Note 8 စမတ္ဖုန္းမ်ားကို ၂၀၁၆ ခုႏွစ္ ၾသဂုတ္လမွာ ေရာင္းခ်ေပးခဲ့တာ ျဖစ္ပါတယ္။


တရုတ္ႏိုင္ငံမွ ထြက္ေပၚလာတဲ့ သတင္းမ်ားအရ Huawei Honor Note 9 မွာ အရြယ္ႀကီးမားတဲ့ 4600mAh Battery တပ္ဆင္ထားမွာ ျဖစ္ၿပီး ယခင္မ်ိဳးဆက္ထက္ 100mAh ပိုမိုမ်ားျပားပါတယ္။

Huawei Honor Note 9 မွာ HiSilicon Kirin 965 Chipset ေမာင္းႏွင္မွာ ျဖစ္ပါတယ္။ 6GB RAM , 64GB Internal Storage ထည့္သြင္းထားပါတယ္။

Huawei Honor Note 9 ရဲ႕ အေနာက္ဘက္မွာ 12 Megapixel Camera ၂ လံုး တပ္ဆင္ထားမွာ ျဖစ္ၿပီး Full Screen Display ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

သူ႔ရဲ႕ မ်က္ႏွာျပင္ဟာ Samsung Galaxy S8 စမတ္ဖုန္းမ်ားရဲ႕ Infinity Display နဲ႔ LG G6 ရဲ႕ Full Vision Display မ်ားနဲ႔ ဆင္တူပါတယ္။

Huawei က Honor Note 9 ကို စက္တင္ဘာလမွာ အြန္လိုင္း ကေန ေရာင္းခ်ေပးမယ္လို႔ သတင္းထြက္ေနပါတယ္။

ref : gsmarena

Digital Times

(Unicode)
12MP Rear Camera ၂ လုံးပါမယ့် Huawei Honor Note 9

Huawei က Honor 9 ရဲ့ မျိုးဆက်ဖြစ်တဲ့ Honor Note 9 စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ ရှိနေပါတယ်။

Huawei Honor 8 နဲ့ Honor Note 8 စမတ်ဖုန်းများကို ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ ထွက်ပေါ်လာတဲ့ သတင်းများအရ Huawei Honor Note 9 မှာ အရွယ်ကြီးမားတဲ့ 4600mAh Battery တပ်ဆင်ထားမှာ ဖြစ်ပြီး ယခင်မျိုးဆက်ထက် 100mAh ပိုမိုများပြားပါတယ်။

Huawei Honor Note 9 မှာ HiSilicon Kirin 965 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။

6GB RAM , 64GB Internal Storage ထည့်သွင်းထားပါတယ်။

Huawei Honor Note 9 ရဲ့ အနောက်ဘက်မှာ 12 Megapixel Camera ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး Full Screen Display ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

သူ့ရဲ့ မျက်နှာပြင်ဟာ Samsung Galaxy S8 စမတ်ဖုန်းများရဲ့ Infinity Display နဲ့ LG G6 ရဲ့ Full Vision Display များနဲ့ ဆင်တူပါတယ်။

Huawei က Honor Note 9 ကို စက်တင်ဘာလမှာ အွန်လိုင်း ကနေ ရောင်းချပေးမယ်လို့ သတင်းထွက်နေပါတယ်။

ref : gsmarena

Digital Times

No comments:

Post a Comment